BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကို ဦးမင်းအောင်လှိုင်ပြော
ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ထိရောက်စွာ နှိမ်နင်းဖို့ ဦးမင်းအောင်လှိုင် ရဲတပ်ဖွဲ့ကို တိုက်တွန်းတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ခရစ်တာ ပိုက်ခ် ရဲ့ ကွပ်မျက်မှု မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ၊ ဘာတွေဖြစ်လာနိုင်လဲ
သေဒဏ်ချမှတ်ခံထားရတဲ့ လူသတ်မှုကျူးလွန်သူဟာ အသက်သေဆုံးစေနိုင်တဲ့ ဆေးနှစ်ကြိမ် ထိုးသွင်းခံရပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့တာကြောင့် တန်နက်ဆီပြည်နယ်ရှိ ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ ဒီဖြစ်ရပ်ကြောင့် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာပါတယ်။
စစ်တိုင်းအပြောင်းအလဲတွေကပြတဲ့ မြန်မာပြည်တွင်းစစ်
ပုံမှန်ဆိုရင်တော့ စစ်တိုင်းတွေရဲ့ တည်နေရာကို ပြည်ပရန်ကာကွယ်ရေးအတွက်ပဲ အဓိကစဥ်းစားပေမဲ့ မြန်မာမှာတော့ ပြည်တွင်းစစ်အခြေအနေကိုပါ မဖြစ်မနေ ထည့်စဥ်းစားနေရပါပြီ။
ဒူဘိုင်း -တဲလ်အဗီပျံတဲ့လေယာဉ်က ပိုင်းလော့ကိုဓားနဲ့ထိုးသူအကြောင်း အစ္စရေး၀န်ကြီးချုပ်ဘာပြောလဲ
အစ္စရေးကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦးကို ဓားနဲ့ထိုးခဲ့တဲ့ အခြားလေယာဉ်မှူးကို ဆော်ဒီအာရေးဗျမှာ စစ်ဆေးမေးမြန်းနေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ပြောပါတယ်။
နှစ်ကြိမ် ဆေးထိုး စီရင်ပေမဲ့ အသက်ရှင်နေတဲ့ သေဒဏ်ကျ အမေရိကန် အကျဉ်းသူ
အမေရိကန် နိုင်ငံ တင်နက်ဆီ ပြည်နယ်မှာ ကြိုးတိုက်ထဲက အကျဉ်းသူ ခရစ္စတာ ပိုက်ခ်ဟာ သေဆေး ၂ ကြိမ်ထိုးပြီး စီရင်ခံခဲ့ရပေမယ့် သေဒဏ် စီရင်မှု မအောင်မြင်တဲ့အတွက် အခု သူ့ကို ဆေးရုံကို ခေါ်သွားကြပြီလို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ဘေကျင်း ရှန်ရှန်း လုံခြုံရေးဖိုရမ်မှာ မြန်မာစစ်တပ် ဘာတွေပြောခဲ့လဲ
နိုင်ငံတကာအခင်းအကျင်း၊ အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးဆိုင်ရာ အန္တရာယ်များနဲ့ စိန်ခေါ်မှုတွေစတဲ့အကြောင်းအရာတွေကို ဆွေးနွေးကြတဲ့ ဒီဖိုရမ်မှာ မြန်မာကတော့ "ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခန်းကဏ္ဍနဲ့ မျှော်မှန်းချက်" ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ရှိနေပါတယ်။
စာတတ်ဖို့ခက်နေဆဲ စစ်မက်ဇုန်က မသန်စွမ်းကလေးငယ်တွေ
စစ်မက်ဇုန်ထဲက မသန်စွမ်းကလေးတွေရဲ့ ပညာသင်ကြားခွင့်အတွက် အခြေအနေ အရပ်ရပ်ကို ခြုံကြည့်ရရင်တော့ ကျောင်းရောက်ဖို့၊ ကျောင်းရောက်ရင်လည်း ပညာတတ်ဖို့က အတားအဆီးတွေ ရှိနေတာကို ပညာရေးကဏ္ဍမှာပါဝင်သူတွေရဲ့အဖြေတွေအရ သိရပါတယ်။
ဗိုလ်ချုပ်စိုးတင့် - ကိုးကန့်က ဖမ်းထားတဲ့ လားရှိုးတိုင်းမှူးဟောင်း
ကိုးကန့်က နေပြည်တော်ကိုငြိမ်းချမ်းရေးလာဆွေးနွေးတဲ့အခါ ဗိုလ်ချုပ်စိုးတင့်ရဲ့ကံကြမ္မာက အပြောင်းအလဲဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
မြန်မာက ဒုစရိုက်မှုတွေကြား ကျူးလွန်သူရော သားကောင်ပါဖြစ်လာတဲ့ရဲတွေ
လက်ရှိ မြန်မာနိုင်ငံက ခိုးဆိုးလုနှိုက်သူတွေရဲ့ပစ်မှတ်စက်ကွင်းထဲမှာ အရပ်သားတွေသာမက ရဲတပ်ဖွဲ့ဝင်တွေပါ ပြေးမလွတ်တော့ပါဘူး။ ပိုပြီးထူးခြားတာက ခိုးဆိုးလုနှိုက်သူတွေက ရဲတပ်ဖွဲ့ဝင်တွေပါဖြစ်နေတာပါ။ စက်တင်ဘာ ၆ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရဲမှူးသားသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခဲ့သူဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်နေတာကလည်း ဥပမာကောင်းတစ်ခုပါ။ ဒီလိုဖြစ်စဉ်တွေ ဘာကြောင့် ဖြစ်လာလဲဆိုတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီးဟောင်းတွေ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အငြိမ်းစားအရာရှိတွေကို မေးမြန်းထားပါတယ်။
ဂျပန်မှာ အလုပ်ရှင်ကိုတရားစွဲတဲ့မြန်မာအမျိုးသမီး ဘယ်လိုအနိုင်ရခဲ့လဲ
“ယန်း သုည” တနည်းပြောရင် "လစာငွေ သုည" လို့ ဖော်ပြထားတဲ့ လစာစာရင်းတစ်စောင်ကနေ စတင်ခဲ့တဲ့ အမှုတစ်ခုပါ။ ဂျပန်ရောက် မြန်မာအမျိုးသမီးတစ်ဦးက အလုပ်ရှင်ကို တရားစွဲပြီး အနိုင်ရခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဂျပန်ရောက် မြန်မာလုပ်သားတွေအတွက် အရေးပါတဲ့ စီရင်ချက်တစ်ခု ဖြစ်လာပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်




























































