ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ တွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ထံသို့ ပေးပို့ထားပါသည်။




