မာတိကာသို့ ခုန်သွားရန်

ဦးမင်းအောင်လှိုင်အစိုးရ

ဝီကီပီးဒီးယား မှ
ဦးမင်းအောင်လှိုင်အစိုးရ

ဆဋ္ဌမမြောက် ပြည်ထောင်စုအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
၂၀၂၆ – လက်ရှိ
(ဘယ်မှညာ)ဒုတိယသမ္မတ(၁)၊နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ(၂)
ဖွဲ့စည်းရက်စွဲ၁၀ ဧပြီ ၂၀၂၆
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်အကြီးအကဲမင်းအောင်လှိုင်,
နိုင်ငံတော်သမ္မတ
အစိုးရခေါင်းဆောင်မင်းအောင်လှိုင်,
နိုင်ငံတော်သမ္မတ
ဒုတိယ ခေါင်းဆောင်
အဖွဲ့ဝင် ဦးရေ၃၅
အဖွဲ့ဝင် ပါတီ
အတိုက်အခံ ပါတီအတိုက်အခံများ
သမိုင်း
ရွေးကောက်ပွဲ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲ
စတင်ဖွဲ့စည်းပုံ၂၀၂၆ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း
ယခင်ညိုစောအစိုးရ

ဦးမင်းအောင်လှိုင်အစိုးရ သည် (တရားဝင်အားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့) သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ဆဋ္ဌမမြောက် ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။[၁]

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပခဲ့သော ၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် ပေါ်ပေါက်လာသော အရပ်သားအသွင်းပြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ တစ်ခု ဖြစ်သည်။[၂]

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ [၃]ဒုတိယသမ္မတ (၁) အဖြစ် ဦးညိုစောနှင့် ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီနီအေးတို့ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ [၄][၅]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော် မှ အာဏာထိန်းသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရ၊ ဦးညိုစောအစိုးရ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် နှင့် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တို့ သက်တမ်းကုန်ဆုံးချိန်တွင် ဦးမင်းအောင်လှိုင်အစိုးရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စစ်ကောင်စီအစိုးရသည် ၂၀၂၅ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အစောပိုင်းတို့တွင် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၅-၂၀၂၆ ကို ကျင်းပခဲ့သည်။[၆]

အဆိုပါရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းတွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက် ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ - ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့ပြီးနောက် ၎င်း၏ ပြည်ထောင်စုအစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။[၇]

ဤအစိုးရအဖွဲ့သည် ဦးညိုစောအစိုးရ ထံမှ အာဏာလွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး တပ်မတော် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ ပူးပေါင်းပါဝင်သော အစိုးရအဖွဲ့ဖြစ်သည်။[၈]

အစိုးရအဖွဲ့သစ်အတွက် ၂၀၂၆ ဧပြီလ ၆ ရက်နေ့တွင် ဝန်ကြီးဌာနပေါင်း ၃၁ ဌာန ဖွဲ့စည်းမည်ဖြစ်သော်လည်း ဝန်ကြီးနေရာအား လူ ၃၀ ဦးသာ ခန့်အပ်မည်ဟု နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေးတွင် နာယကက ဖတ်ကြားခဲ့သည်။[၉][၁၀] အဆိုပြုထားသည့် ဝန်ကြီးဌာနတွင် ပြင်ဆင်ဖွဲ့စည်းထားသည့် ဌာနအသစ် (၆)ခု ပါဝင်သည်။ ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် (၃၁ ခု)နှင့် အမည်သတ်မှတ်ချက်ကို လွှတ်တော်က ၂၀၂၆ ဧပြီလ ၇ ရက်နေ့တွင်အတည်ပြုသည်။[၁၁]

နိုင်ငံ​တော်သမ္မတရုံး၏ ​ပြော​ရေးဆိုခွင့်ရှိသူ

[ပြင်ဆင်ရန်]

သမ္မတဦးမင်း​အောင်လှိုင်၏ ​ပြော​ရေးဆိုခွင့်ရှိသူအဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးအား ခန့်အပ်​ကြောင်း တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုးမရှိ​သော်လည်း ဇွန် ၃ ရက်က အိန္ဒိယခရီးစဉ်မှ ပြန်လည်​ရောက်ရှိချိန်တွင် ​လေဆိပ်၌ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးသည်  သတင်းမီဒီယာများနှင့်​တွေ့ဆုံပြီး နိုင်ငံ​တော်သမ္မတရုံး၏ ​ပြော​ရေးဆိုခွင့်ရှိသူအဖြစ် ​ဖြေကြားမှုအချို့ ပြုလုပ်ခဲ့သည်။[၁၂]

ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ

[ပြင်ဆင်ရန်]

၂၀၂၆ စက်တင်ဘာ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၏ တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီး ကိုကိုဦးအား ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဖြင့် ခန့်အပ်ခဲ့သဖြင့် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် ပြန်စချိန်တွင် အတည်ပြုခန့်အပ်ရေးအတွက် ဦးမင်းအောင်လှိုင်အစိုးရဘက်က တင်သွင်းလာသည်။[၁၃] ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ရသဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ရပ်နားချိန်တွင် အဆိုပါအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီက ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့သည်။ ဗိုလ်ချုပ်ကြီး ကိုကိုဦးအား ဝန်ကြီးအဖြစ် ခန့်အပ်တာကို ကန့်ကွက်လိုပါက လွှတ်တော်ကိုယ်စားလှယ်များက အောက်တိုဘာ ၁ ရက်နေ့ နောက်ဆုံးထား တင်ပြရမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂ အရ လွှတ်တော်အစည်းအဝေးမရှိချိန် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ခွင့်ရှိသည်ဟု ဖော်ပြထားသော်လည်း လွှတ်တော်မစမီ ရက်ပိုင်းအလိုတွင် ထုတ်ပြန်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။[၁၄]

၂၀၂၆ အောက်တိုဘာလ အစိုးရအဖွဲ့ဝင် အပြောင်းအလဲ

[ပြင်ဆင်ရန်]

၂၀၂၆ အောက်တိုဘာ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၆၈/၂၀၂၆) ဖြင့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။[၁၅]

အစိုးရအဖွဲ့သစ် သက်တမ်း (၆) လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ စတင်ပြုလုပ်နေရာ အောက်တိုဘာ ၉ ရက်က ကျန်းမာရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ ပညာရေး ဒုတိယဝန်ကြီးနှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့အား တာဝန်မှ အနားပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးနေရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်းအား တာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အောက်တိုဘာ ၁၀ ရက်နေ့တွင်လည်း ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်း၊ ဒုတိယဝန်ကြီးများအား နေရာပြောင်းရွှေ့တာဝန်ပေးခြင်းအပါအဝင် ပြောင်းလဲမှုအချို့ကို အမိန့်ထုတ်ပြန်ဆောင်ရွက်ခဲ့ရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်အား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်အား အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ပြီး အားကစားရေးရာ ဒုတိယဝန်ကြီး ဦးညီညီနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့အား အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း၊ အမျိုးသမီးရေးရာ ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်အား လစ်လပ်သွားသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခြင်း၊ အလုပ်သမား ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းအား နေပြည်တော်ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ အပြောင်းအရွှေ့များကြောင့် လစ်လပ်သွားသည့် အမျိုးသမီးရေးရာ ဒုတိယဝန်ကြီးနေရာတွင် ဒေါက်တာနေသွယ်ကြည်၊ အလုပ်သမား ဒုတိယဝန်ကြီးနေရာတွင် ဦးမျိုးအောင်၊ အားကစားရေးရာ ဒုတိယဝန်ကြီးနေရာတွင် ဦးမျိုးကျော်သူတို့အား အသီးသီး တာဝန်ပေးအပ်ခဲ့သည်။ [၁၆]အောက်တိုဘာ ၉ ရက်က ရာထူးမှ ဖယ်ရှားခံခဲ့ရသဖြင့် လစ်လပ်နေသည့် ကျန်းမာရေး ဒုတိယဝန်ကြီးနေရာတွင် ဒေါက်တာတင်ထွန်း၊ ပညာရေး ဒုတိယဝန်ကြီးနေရာတွင် ဦးဝင်းမောင်သိန်းတို့အား တာဝန်ပေးအပ်ခဲ့သည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဦးစောရန်အောင်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်အေးအေးလှိုင်တို့အားလည်း တာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[၁၇]

၂၀၂၆ အောက်တိုဘာ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၈၁/၂၀၂၆ ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင် အား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။[၁၈]နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၈၂/၂၀၂၆ ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဒေါက်တာ ကိုကိုလွင် အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။[၁၉] ပြည်ထောင်စုအစိုးရအဖွဲ့ဝင်စုစုပေါင်းသည် ၃၅ ဦး ဖြစ်လာသည်။

၂၀၂၆ အောက်တိုဘာ ၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၈၄ /၂၀၂၆ ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကျော်ကျော်ဟန် အားခန့်အပ်တာဝန်ပေးခဲ့သည်။[၂၀]

အစိုးရအဖွဲ့ အကြီးအကဲများ

[ပြင်ဆင်ရန်]
နိုင်ငံတော်သမ္မတ ဒုတိယသမ္မတ (၁) ဒုတိယသမ္မတ (၂)
ဦးမင်းအောင်လှိုင် ဦးညိုစော ဒေါ်နန်းနီနီအေး
၂၀၂၆ ဧပြီ ၁၀ – လက်ရှိ ၂၀၂၆ ဧပြီ ၁၀ – လက်ရှိ ၂၀၂၆ ဧပြီ ၁၀ – လက်ရှိ

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ

[ပြင်ဆင်ရန်]
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၊ ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။[၂၁]

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ စာရင်း
စဉ်အမည်တာဝန်
၁။ဦးမင်းအောင်လှိုင်နိုင်ငံတော်သမ္မတ
၂။ဦးညိုစောဒုတိယသမ္မတ
၃။ဒေါ်နန်းနီနီအေးဒုတိယသမ္မတ
၄။ဦးခင်မောင်ရီပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး
၅။ဦးတင်အောင်စန်းပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန
၆။ဦးမြထွန်းဦးပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန
၇။ဗိုလ်ချုပ်ကြီး ထွန်းအောင်ပြည်ထောင်စုဝန်ကြီး၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၈။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
၉။ဗိုလ်ချုပ်ကြီး ကိုကိုဦးပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
၁၀။ဦးတင်မောင်ဆွေပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
၁၁။ဦးအောင်ကျော်ဟိုးပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
၁၂။ဒေါက်တာကံဇော်ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၁၃။ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန
၁၄။ဦးသန်းမောင်ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
၁၅။ဒေါက်တာ သီတာဦးပြည်ထောင်စုဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန
၁၆။ဒေါက်တာ ချောချောစိန်ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
၁၇။ဒေါက်တာ မျိုးသိန်းကျော်ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၁၈။ဒေါက်တာစိုးဝင်းပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
၁၉။ဒေါက်တာ သက်သက်ဇင်ပြည်ထောင်စုဝန်ကြီး၊ အမျိုးသမီးရေးရာဝန်ကြီးဌာန
၂၀။ဦးထိန်လင်းပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန
၂၁။ဦးတင်ဦးလွင်ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာန
၂၂။ဦးမင်းနောင်ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၂၃။ဦးမျိုးဇော်သိမ်းပြည်ထောင်စုဝန်ကြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
၂၄။ဦးဆန်းဦးပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
၂၅။ဦးကိုကိုလွင်ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၂၆။ဒေါက်တာ ချာလီသန်းပြည်ထောင်စုဝန်ကြီး၊ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
၂၇။ဦးမြင့်ကြိုင်ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၈။ဦးမောင်မြင့်ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန
၂၉။ဦးထွန်းအုံပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၀။ဦးရဲမြင့်ထွန်းပြည်ထောင်စုဝန်ကြီး၊ အားကစားရေးရာဝန်ကြီးဌာန
၃၁။ဒေါက်တာမောင်သင်းပြည်ထောင်စုဝန်ကြီး၊ လူငယ်ရေးရာဝန်ကြီးဌာန
၃၂။ဦးမျိုးသန့်ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
၃၃။ဒေါက်တာ ကိုကိုလွင်ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၃၄။ဦးခင်မောင်စိုးပြည်ထောင်စုဝန်ကြီး၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေဝန်ကြီးဌာန
၃၅။အမြဲတမ်းအတွင်းဝန်အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ဝန်ကြီးဌာန (၃၁) ခု ဖွဲ့စည်းခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ရက်နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။[၂၂]

၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်၊ ၅ / ၂၀၂၆ ဖြင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်သည်။[၂၃]

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်များအရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို တာဝန်မှအနားယူခွင့်ပေးခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ကျန်းမာရေးဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။ ထို့အတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်တို့ကိုလည်း တာဝန်မှအနားယူခွင့်ပေးခဲ့သည်။ အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့ကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်သည်။[၂၄]

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။[၂၅]

ပြည်ထောင်စုဝန်ကြီးများ

[ပြင်ဆင်ရန်]
ပြည်ထောင်စုဝန်ကြီးများ စာရင်း (၂၀၂၆ - လက်ရှိ)
စဉ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတာဝန်စတင်တာဝန်ပြီးဆုံးတာဝန်သက်တမ်းမှတ်ချက်
၁။နိုင်ငံတော်သမ္မတရုံးဦးခင်မောင်ရီ၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂။နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနဦးတင်အောင်စန်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၃။ပို့ဆောင်ရေးဝန်ကြီးဌာနဦးမြထွန်းဦး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၄။ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးမြထွန်းဦး ၁၀ ဧပြီ ၂၀၂၆ ၁၄ အောက်တိုဘာ ၂၀၂၆ ၁၈၇ ရက်
ဦးထွန်းအောင်၁၄ အောက်တိုဘာ ၂၀၂၆လက်ရှိ ၂၃ ရက်
၅။ကာကွယ်ရေးဝန်ကြီးဌာနဗိုလ်ချုပ်ကြီး ထွန်းအောင်၁၀ ဧပြီ ၂၀၂၆၁၄ အောက်တိုဘာ ၂၀၂၆၁၈၇ ရက်
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၁၄ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၃ ရက်
၆။ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၁၀ ဧပြီ ၂၀၂၆၁၇ စက်တင်ဘာ ၂၀၂၆၂၁၀ ရက်
ဗိုလ်ချုပ်ကြီး ကိုကိုဦး၁၇ စက်တင်ဘာ ၂၀၂၆လက်ရှိ၅၀ ရက်
၇။နိုင်ငံခြားရေးဝန်ကြီးဌာနဦးတင်မောင်ဆွေ၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၈။အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဦးအောင်ကျော်ဟိုး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၉။ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဒေါက်တာကံဇော်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၀။နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၁။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဦးသန်းမောင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၂။ဥပဒေရေးရာဝန်ကြီးဌာနဒေါက်တာ သီတာဦး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်ပြည်ထောင်စုရှေ့နေချုပ်
၁၃။ပညာရေးဝန်ကြီးဌာနဒေါက်တာ ချောချောစိန်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၄။သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနဒေါက်တာ မျိုးသိန်းကျော်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၅။ကျန်းမာရေးဝန်ကြီးဌာနဒေါက်တာ သက်ခိုင်ဝင်း၁၀ ဧပြီ ၂၀၂၆၉ အောက်တိုဘာ ၂၀၂၆၁၈၂ ရက်
ဒေါက်တာစိုးဝင်း ၉ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၈ ရက်
၁၆။အမျိုးသမီးရေးရာဝန်ကြီးဌာနဒေါက်တာ သက်သက်ဇင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၇။ပြန်ကြားရေးဝန်ကြီးဌာနဦးထိန်လင်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၈။သာသနာရေး ဝန်ကြီးဌာနဦးတင်ဦးလွင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၉။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဦးမင်းနောင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၀။သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဦးမျိုးဇော်သိမ်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၁။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဦးဆန်းဦး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၂။လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဦးကိုကိုလွင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၃။စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဒေါက်တာ ချာလီသန်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၄။လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဦးမြင့်ကြိုင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၅။အလုပ်သမားဝန်ကြီးဌာနဦးခင်မောင်စိုး၁၀ ဧပြီ ၂၀၂၆၃ အောက်တိုဘာ ၂၀၂၆၁၇၆ ရက်
ဦးမောင်မြင့်၃ အောက်တိုဘာ ၂၀၂၆လက်ရှိ၃၄ ရက်
၂၆။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဦးထွန်းအုံ၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၇။အားကစားရေးရာဝန်ကြီးဌာနဦးရဲမြင့်ထွန်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၈။လူငယ်ရေးရာဝန်ကြီးဌာနဒေါက်တာမောင်သင်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၉။ဆောက်လုပ်ရေးဝန်ကြီးဌာနဦးမျိုးသန့်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၃၀။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာနဒေါက်တာစိုးဝင်း၁၀ ဧပြီ ၂၀၂၆၉ အောက်တိုဘာ ၂၀၂၆၁၈၂ ရက်
ဒေါက်တာ ကိုကိုလွင် ၁၄ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၃ ရက်
၃၁။ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဦးမောင်မြင့် ၁၀ ဧပြီ ၂၀၂၆ ၃ အောက်တိုဘာ ၂၀၂၆ ၁၇၆ ရက်
ဦးခင်မောင်စိုး ၃ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၃၄ ရက်

ဒုတိယဝန်ကြီးများ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၁၆/၂၀၂၆ ဖြင့် ဒုတိယဝန်ကြီး (၄၆) ဦးကို ခန့်အပ်တာဝန်ပေးလိုက်သည်။ [၂၆]

ဒုတိယဝန်ကြီးများစာရင်း (၂၀၂၆)
စဉ်ဝန်ကြီးဌာနအမည်စတင်ရက်ပြီးဆုံးရက်တာဝန်သက်တမ်း
၁နိုင်ငံတော်သမ္မတရုံးဦးခင်လတ်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂ ဒေါက်တာ ခိုင်ခိုင်စိုး ၁၇ ဩဂုတ် ၂၀၂၆ လက်ရှိ ၈၁ ရက်
၃နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနဦးထင်ကျော်သူ၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၄ပို့ဆောင်ရေးဝန်ကြီးဌာနဦးအောင်မြိုင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၅ဦးထွန်းလူ၁၀ ဧပြီ ၂၀၂၆လက်ရှိ
၆ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဦးမင်းဇေယျာလှိုင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၇ဦးသက်ဝင်းအောင်၁၀ ဧပြီ ၂၀၂၆လက်ရှိ
၈ကာကွယ်ရေးဝန်ကြီးဌာနဗိုလ်ချုပ် အောင်မျိုးသန့်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၉ပြည်ထဲရေးဝန်ကြီးဌာနဗိုလ်ချုပ် မင်းသူ၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၀နိုင်ငံခြားရေးဝန်ကြီးဌာနဦးနိုင်မင်းကျော်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၁ဦးကိုကိုကျော်၁၀ ဧပြီ ၂၀၂၆လက်ရှိ
၁၂ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဒေါ်သန်းသန်းလင်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
-ဦးဟန်ဝင်းအောင်၁၀ ဧပြီ ၂၀၂၆၁၀ အောက်တိုဘာ ၂၀၂၆ ၁၈၃ ရက်
၁၃ ဦးကျော်ထင် ၁၀ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၇ ရက်
-အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဦးကျော်ထင်၁၀ ဧပြီ ၂၀၂၆၁၀ အောက်တိုဘာ ၂၀၂၆၁၈၃ ရက်
၁၄ဦးသန့်စင်လွင်၁၀ ဧပြီ ၂၀၂၆လက်ရှိ ၂၁၀ ရက်
၁၅ ဦးဟန်ဝင်းအောင် ၁၀ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၇ ရက်
၁၆နယ်စပ်ရေးရာဝန်ကြီးဌာနဗိုလ်ချုပ် ကျော်စွာဦး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၇ ဗိုလ်ချုပ် ကျော်ကျော်ဟန်
၁၈တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနစိုင်းထွန်းညို၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၁၉ဥပဒေရေးရာဝန်ကြီးဌာနဒေါက်တာ ထိန်လင်းဦး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
-ပညာရေးဝန်ကြီးဌာနဒေါက်တာ ဇော်မြင့်၁၀ ဧပြီ ၂၀၂၆၉ အောက်တိုဘာ ၂၀၂၆[၂၇]၁၈၂ ရက်
၂၀ဦးနေမျိုးလှိုင်၁၀ ဧပြီ ၂၀၂၆လက်ရှိ ၂၁၀ ရက်
၂၁ ဦးဝင်းမောင်သိန်း ၁၀ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၇ ရက်
၂၂သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဒေါက်တာ နေခြည်လဲ့လဲ့သိန်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
-ကျန်းမာရေးဝန်ကြီးဌာနဒေါက်တာ အေးထွန်း၁၀ ဧပြီ ၂၀၂၆၉ အောက်တိုဘာ ၂၀၂၆[၂၇]၁၈၂ ရက်
၂၃ ဒေါက်တာ တင်ထွန်း ၁၀ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၇ ရက်
-အမျိုးသမီးရေးရာ ဝန်ကြီးဌာနဒေါ်စန်းစန်းနွယ်၁၀ ဧပြီ ၂၀၂၆၁၀ အောက်တိုဘာ ၂၀၂၆၁၈၃ ရက်
၂၄ ဒေါက်တာ နေသွယ်ကြည် ၁၀ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၇ ရက်
၂၅ပြန်ကြားရေးဝန်ကြီးဌာနဦးရဲတင့်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၆သာသနာရေးဝန်ကြီးဌာနဦးလင်းအောင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၇စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဦးဗိုလ်ဗိုလ်ကျော်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၂၈ဒေါက်တာ ရဲထွန်းဝင်း၁၀ ဧပြီ ၂၀၂၆လက်ရှိ
၂၉ဒေါက်တာ ရဲတင့်ထွန်း၁၀ ဧပြီ ၂၀၂၆လက်ရှိ
၃၀သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဦးသိုက်စိုး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၃၁သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဦးခင်လတ်ကြီး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၃၂ဒေါက်တာ သောင်းနိုင်ဦး၁၀ ဧပြီ ၂၀၂၆လက်ရှိ
၃၃လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဦးအေးကျော်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၃၄ဦးကျော်နိုင်ဝင်း၁၀ ဧပြီ ၂၀၂၆လက်ရှိ
၃၅စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဦးသွင်အောင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၃၆ဒေါက်တာ အောင်ဇေယျ၁၀ ဧပြီ ၂၀၂၆လက်ရှိ
၃၇လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးလင်းဇော်ထွန်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
-ဒေါက်တာ ခိုင်ခိုင်စိုး၁၀ ဧပြီ ၂၀၂၆၁၇ ဩဂုတ် ၂၀၂၆ ၁၂၉ ရက်
၃၈ ဦးရဲထွန်းဦး ၁၇ ဩဂုတ် ၂၀၂၆ လက်ရှိ ၈၁ ရက်
-အလုပ်သမားဝန်ကြီးဌာနဦးမောင်မောင်သန်း၁၀ ဧပြီ ၂၀၂၆၁၀ အောက်တိုဘာ ၂၀၂၆၁၈၃ ရက်
၃၉ ဦးမျိုးအောင် ၁၀ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၇ ရက်
၄၀စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဦးမင်းမင်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၄၁ဦးဝင်းမြင့်ခိုင်၁၀ ဧပြီ ၂၀၂၆လက်ရှိ
-အားကစားရေးရာဝန်ကြီးဌာနဦးညီညီ၁၀ ဧပြီ ၂၀၂၆၁၀ အောက်တိုဘာ ၂၀၂၆၁၈၃ ရက်
၄၂ ဦးမျိုးကျော်သူ ၁၀ အောက်တိုဘာ ၂၀၂၆ လက်ရှိ ၂၇ ရက်
၄၃လူငယ်ရေးရာဝန်ကြီးဌာနဦးစစ်နိုင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၄၄ဆောက်လုပ်ရေးဝန်ကြီးဌာနဦးမျိုးမြင့်၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၄၅ဒေါက်တာ သောင်းနိုင်၂၅ ဇူလိုင် ၂၀၂၆လက်ရှိ၁၀၄ ရက်
၄၆လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒေါက်တာ သန်းစိုး၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၄၇ဒေါက်တာ သန့်ဇော်လွင်၁၀ ဧပြီ ၂၀၂၆လက်ရှိ
၄၈ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဦးအေးထွန်း၁၀ ဧပြီ ၂၀၂၆လက်ရှိ၂၁၀ ရက်
၄၉ဦးဖြိုးဇော်စိုး၁၀ ဧပြီ ၂၀၂၆လက်ရှိ

ပြည်ထောင်စုအဆင့်ရုံးအဖွဲ့အစည်းအကြီးအကဲများ

[ပြင်ဆင်ရန်]
ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများ၏ အကြီးအကဲခန့်ထားမှု
စဉ် ရုံး၊ အဖွဲ့အစည်းအမည် အကြီးအကဲအမည် ရာထူး စတင်ရက် ကုန်ဆုံးရက်
၁ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဦးသာဌေးပြည်ထောင်စုတရားသူကြီးချုပ်၁၀ ဧပြီ ၂၀၂၆လက်ရှိ
၂နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဦးအောင်ဇော်သိန်းဥက္ကဋ္ဌလက်ရှိ
၃ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဦးသန်းစိုးဥက္ကဋ္ဌလက်ရှိ
၄ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဒေါ်နိုင်သက်ဦးပြည်ထောင်စုစာရင်းစစ်ချုပ်လက်ရှိ
၅ပြည်ထောင်စုရာထူးဝန်အဖွဲ့ဦးတင်မောင်ဝင်းဥက္ကဋ္ဌလက်ရှိ
၆နေပြည်တော်ကောင်စီဦးကံမြင့်သန်းဥက္ကဋ္ဌလက်ရှိ
၇မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒေါက်တာ ခင်နိုင်ဦးဥက္ကဋ္ဌလက်ရှိ
၈အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဦးစိုးသိန်း [၂၈]ဥက္ကဋ္ဌလက်ရှိ
၉မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဦးသစ်လင်းအုန်းဥက္ကဋ္ဌလက်ရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ

[ပြင်ဆင်ရန်]

၂၀၂၆ ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ အသီးသီးတွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာန၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများကို အဆိုပြုလွှာ တင်သွင်းခဲ့သည်။ [၂၉] သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ အတည်ပြုချက်အတိုင်း ဝန်ကြီးချုပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခန့်အပ်ထမ်းဆောင်စေခဲ့သည်။ [၃၀]

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ (၂၀၂၆)
စဉ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် စတင်ရက် ကုန်ဆုံးရက် မှတ်ချက်
၁။ကချင်ပြည်နယ် အစိုးရအဖွဲ့ဦးခက်ထိန်နန်၁၀ ဧပြီ ၂၀၂၆လက်ရှိ
၂။ကယားပြည်နယ် အစိုးရအဖွဲ့ဦးအံ့မော်၁၀ ဧပြီ ၂၀၂၆လက်ရှိစတသ ၁၅
၃။ကရင်ပြည်နယ် အစိုးရအဖွဲ့ဦးစောမြင့်ဦး၁၀ ဧပြီ ၂၀၂၆လက်ရှိဗိုလ်မှူးချုပ်(ငြိမ်း)
၄။ချင်းပြည်နယ် အစိုးရအဖွဲ့ဒေါက်တာဝုန်ဆွန်းထန်၁၀ ဧပြီ ၂၀၂၆လက်ရှိဒုတိယဗိုလ်မှူးကြီး (ငြိမ်း)
၅။စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးကိုလေး၁၀ ဧပြီ ၂၀၂၆လက်ရှိစတသ ၂၇
၆။တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဇော်နိုင်ဦး၁၀ ဧပြီ ၂၀၂၆လက်ရှိဗသက ၈၃
၇။ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးမျိုးဆွေဝင်း၁၀ ဧပြီ ၂၀၂၆လက်ရှိဒုတိယရဲချုပ်(၁)ငြိမ်း
၈။မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးတင်ကိုကို၁၀ ဧပြီ ၂၀၂၆လက်ရှိဗသက ၇၇
၉။မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးမျိုးအောင်၁၀ ဧပြီ ၂၀၂၆လက်ရှိ
၁၀။မွန်ပြည်နယ် အစိုးရအဖွဲ့ဗိုလ်မှူးချုပ် အောင်ဝင်းသန်း၁၀ ဧပြီ ၂၀၂၆လက်ရှိစတသ ၃၀
၁၁။ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဦးနိုင်ဦး၁၀ ဧပြီ ၂၀၂၆လက်ရှိစတသ ၃၈
၁၂။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဦးအောင်နိုင်သူ၁၀ ဧပြီ ၂၀၂၆လက်ရှိဘွဲ့ရ ဒုရဲအုပ်လောင်း အပတ်စဉ် (၁၇)
၁၃။ရှမ်းပြည်နယ် အစိုးရအဖွဲ့စိုင်းထိန်စိုး၁၀ ဧပြီ ၂၀၂၆လက်ရှိစတသ ၂၄
၁၄။ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးအေးကျော်၁၀ ဧပြီ ၂၀၂၆လက်ရှိ

အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံရသည့် မြို့နယ်များ (၂၀၂၆)

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၆) နှင့် (၂/၂၀၂၆) တို့ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အရေးပေါ်အခြေအနေနှင့် မြို့နယ် ၆၀ အား စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ခြင်းသည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ အပါအဝင်) ပေါ်ပေါက်လာပြီးနောက် ဦးမင်းအောင်လှိုင်အစိုးရ တာဝန်ယူချိန် နှစ်ပတ်အတွင်းမှာပင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။အမိန့်အမှတ် (၂/၂၀၂၆) အရ အဆိုပါမြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်အတွက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ (ခ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား အပ်နှင်းခဲ့သည်။[၃၁][၃၂]

ဆက်လက်၍ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတရုံးသည် ထိုနေ့မှာပင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ၃/၂၀၂၆ ဖြင့် အထက်ပါကိစ္စကို တွန်းဇံ နှင့် ဖလမ်းမြို့နယ်များမှ လွဲ၍ ရက်ပေါင်း(၉၀) ဆက်လက် သက်တမ်းတိုးခဲ့သည်။[၃၃]

တိုင်းဒေသကြီး / ပြည်နယ် အရေအတွက် မြို့နယ်အမည်များ
ကချင်ပြည်နယ်၅ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ
ကယားပြည်နယ်၃ရှားတော၊ ဖားဆောင်း၊ မယ်စဲ့
ကရင်ပြည်နယ်၂ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး
ချင်းပြည်နယ်၇ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း
စစ်ကိုင်းတိုင်းဒေသကြီး၈ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်
မကွေးတိုင်းဒေသကြီး၅ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို
မန္တလေးတိုင်းဒေသကြီး၁ငါန်းဇွန်
ရခိုင်ပြည်နယ်၁၄ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်
ရှမ်းပြည်နယ်၁၅နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလား
စုစုပေါင်း၆၀မြို့နယ်များ


စစ်အုပ်ချုပ်​ရေးအမိန့်ထုတ်ပြန်ထားသည့်  ၅၈ မြို့နယ် အနက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် သုံးမြို့နယ်မှအပ ကျန် ၅၅ မြို့နယ်တွင် စစ်အုပ်ချုပ်​ရေးအား အောက်တိုဘာ ၁၈ ရက်မှစ၍ ရက်​ပေါင်း ၉၀ ထပ်မံတိုးမြှင့်ကြောင်း နိုင်ငံတော်သမ္မတရုံးကအမိန့်များ ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့နယ်များအနက် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့နယ်၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ ကျန်မြို့နယ်များအတွက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့၏ သဘောတူညီမှုဖြင့် ယင်းအမိန့်ကို ရက်ပေါင်း (၉၀) အထိ ဆက်လက်အတည်ဖြစ်ကြောင်း ကြေညာ​​ကြောင်း ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၇/၂၀၂၆ ကို နိုင်ငံ​တော်သမ္မတရုံးက ထုတ်ပြန်သည်။[၃၄]


နိုင်ငံတကာဧည့်သည်တော်များ၏ ခရီးစဉ်များ

[ပြင်ဆင်ရန်]

ဤစာရင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် တိုက်ရိုက်တွေ့ဆုံခဲ့သည့် နိုင်ငံတကာဧည့်သည်တော်များ၏ မှတ်တမ်းဖြစ်သည်။ ဤစာရင်းတွင် နိုင်ငံတော်အဆင့် အကြီးအကဲများ၊ အထူးကိုယ်စားလှယ်များ သို့မဟုတ် ဝန်ကြီးအဆင့်ရှိသူများ၏ တရားဝင်တွေ့ဆုံမှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး၊ အခြားအစိုးရအဆင့်များနှင့် တွေ့ဆုံမှုစာရင်းများ မပါဝင်ပါ။ ထို့အပြင် နှစ်ဖက်သဘောတူညီချက်အရ ထုတ်ပြန်ကြေညာခြင်းမရှိသည့် တရားဝင်မဟုတ်သော ခရီးစဉ်များလည်း ဤစာရင်းတွင် ပါဝင်မည်မဟုတ်ပေ။[၃၅]

စဉ်နေ့ရက်အမည်နိုင်ငံ/အဖွဲ့တာဝန်အကြောင်းအရာမှတ်ချက်
၁၁၀ ဧပြီ ၂၀၂၆H.E. Mr. Jiang Xinzhi တရုတ်ဒု-ဥက္ကဋ္ဌ (CPPCC)ကတိသစ္စာပြုပွဲရှီကျင့်ဖျင်၏ ကိုယ်စားလှယ်
၂၁၀ ဧပြီ ၂၀၂၆H.E. Mr. Igor SERGYENKO ဘီလာရုဇ်အောက်လွှတ်တော်ဥက္ကဋ္ဌကတိသစ္စာပြုပွဲ-
၃၁၀ ဧပြီ ၂၀၂၆H.E. Mr. Kirti Vardhan Singh အိန္ဒိယဒု-ဝန်ကြီး (ပြည်ပရေးရာ)ကတိသစ္စာပြုပွဲ-
၄၁၀ ဧပြီ ၂၀၂၆H.E. Dr. Parnpree Bahiddha-Nukara ထိုင်းယခင် ဒု-ဝန်ကြီးချုပ်ကတိသစ္စာပြုပွဲ-
၅၁၀ ဧပြီ ၂၀၂၆H.E. Mr. Kitti Settha Pandita CHAM Prasidh ကမ္ဘောဒီးယားအာဆီယံအထူးကိုယ်စားလှယ်ကတိသစ္စာပြုပွဲ-
၆၁၀ ဧပြီ ၂၀၂၆H.E. Mr. Valdrack Jaentschke နီကာရာဂွါနိုင်ငံခြားရေးဝန်ကြီးကတိသစ္စာပြုပွဲ-
၇၁၀ ဧပြီ ၂၀၂၆H.E. Mr. Alounkeo KITIKHOUN လာအိုအာဆီယံအထူးကိုယ်စားလှယ်ကတိသစ္စာပြုပွဲဗီယက်နမ်နှင့်အတူ
၈၁၀ ဧပြီ ၂၀၂၆H.E. Mr. Nguyen Tat Thanh ဗီယက်နမ်ညွှန်ကြားရေးမှူးချုပ်ကတိသစ္စာပြုပွဲလာအိုကိုယ်စားလှယ်အဖွဲ့နှင့်အတူ
၉၁၀ ဧပြီ ၂၀၂၆H.E. Mr. Sholban KARA-OOL ရုရှားဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌကတိသစ္စာပြုပွဲ-
၁၀၂၁ ဧပြီ ၂၀၂၆H.E. Mr. Xu Qin တရုတ်ပြည်နယ်ကွန်ဂရက်ဥက္ကဋ္ဌတရားဝင်ခရီးစဉ်ဟေလုံကျန်းပြည်နယ်
၁၁၂၂ ဧပြီ ၂၀၂၆H.E. Mr. Sihasak Phuangketkaew ထိုင်းဒု-ဝန်ကြီးချုပ်/နိုင်ငံခြားရေးဝန်ကြီးတရားဝင်ခရီးစဉ်-
၁၂၂၅ ဧပြီ ၂၀၂၆H.E. Mr. Wang Yi တရုတ်နိုင်ငံရေးရာဗျူရို/ဝန်ကြီးတရားဝင်ခရီးစဉ်[၃၆]-
၁၃၈ ဇွန် ၂၀၂၆H.E. Mr. Sugiono အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတရားဝင်ခရီးစဉ်-
၁၄၁၂ ဇွန် ၂၀၂၆H.E. Mr. Thongsavan PHO-MVIHANE လာအိုဒု-ဝန်ကြီးချုပ်/နိုင်ငံခြားရေးဝန်ကြီးတရားဝင်ခရီးစဉ်[၃၇]-
၁၅၂၂ ဇွန် ၂၀၂၆H.E. Mr. Indra Mani Pandeyဘင်းမ်စတက်အတွင်းရေးမှူးချုပ်တရားဝင်ခရီးစဉ်[၃၈]ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူရေးကိစ္စ
၁၆၂ ဇူလိုင် ၂၀၂၆မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဘီလာရုဇ်နိုင်ငံတော်သမ္မတအလုပ်သဘောခရီးစဉ်[၃၉]သမ္မတအဆင့် ပထမဦးဆုံးခရီးစဉ်
၁၇၁၀ ဩဂုတ် ၂၀၂၆Mr. Yohei SASAKAWA ဂျပန်နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌလာရောက်ဂါရဝပြုတွေ့ဆုံခြင်း[၄၀]-
၁၈၂၆ ဩဂုတ် ၂၀၂၆Mr. Le Hoai Trung ဗီယက်နမ်ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးလာရောက်ဂါရဝပြုတွေ့ဆုံခြင်း[၄၁]-
၁၉၁၅-၁၆ စက်တင်ဘာ ၂၀၂၆Mr. Michael Vance[၄၂] အမေရိကန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်လှမ်းရေး နှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလျှိုဝှက်ခရီးစဉ်[၄၃]အမေရိကန်က မြန်မာစစ်အုပ်စု နှင့် တိုက်ရိုက်ဆွေးနွေးမှု ပြန်စခြင်း

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ ရက် ၁၀၀ အတွင်း ဦးမင်းအောင်လှိုင် ဘာလုပ်နိုင်ခဲ့လဲ (in my) (2026-07-24)။ 2026-10-08 တွင် ပြန်စစ်ပြီး။
  2. ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (in en)။ 2026-04-24 တွင် ပြန်စစ်ပြီး။
  3. ↑ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ် (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  4. ↑ နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက် | Ministry Of Information (in en)။ 2026-04-06 တွင် ပြန်စစ်ပြီး။
  5. ↑ မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက် (in my)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  6. ↑ ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲ စတင်ကျင်းပမယ် (in my) (2025-08-18)။ 2026-10-08 တွင် ပြန်စစ်ပြီး။
  7. ↑ စထွန်းအောင် (2026-03-24)။ သမ္မတရာထူးရယူပြီး တပ်ချုပ်ကိုပါ ထိန်းချုပ်မည့် မင်းအောင်လှိုင်၏ အာဏာမြဲရေး စီမံကိန်း (in en-US)။ 2026-04-03 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  8. ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း (in my)။ 2026-10-08 တွင် ပြန်စစ်ပြီး။
  9. ↑ ရိုဟင်ဂျာ ဂျီနိုဆိုက်အမှုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူဖို့ တိုင်တန်းချက်ကို အင်ဒိုနီးရှား လက်ခံ - ၂၀၂၆ ခုနှစ်၊ ဧပြီ ၆ ရက် ဘီဘီစီမြန်မာပိုင်းသတင်းများ တိုက်ရိုက်ထုတ်လွှင့်ချက် (in my) (2026-04-06)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  10. ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ | Ministry Of Information (in en)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  11. ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  12. ↑ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး နိုင်ငံ​တော်သမ္မတ၏ ​ပြော​ရေးဆိုခွင့်ရှိသူဖြစ်လာ (in my)။ 2026-06-21 တွင် ပြန်စစ်ပြီး။
  13. ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ (in en)။ 2026-09-30 တွင် ပြန်စစ်ပြီး။
  14. ↑ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် ဘီဘီစီတိုက်ရိုက်သတင်းထုတ်လွှင့်ချက် - ဦးမင်းအောင်လှိုင် အမိန့်နဲ့ ဗိုလ်ချုပ်ကြီးကိုကိုဦး ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်လို့ ဝေဖန်ခံရပြီးမှ လွှတ်တော်တင် (in my) (2026-09-30)။ 2026-09-30 တွင် ပြန်စစ်ပြီး။
  15. ↑ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် (၆၈/ ၂၀၂၆) အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃) ရက် ရက်စွဲဖြင့် ထုတ်ပြန် (in en)။ 2026-10-03 တွင် ပြန်စစ်ပြီး။
  16. ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း (in en)။ 2026-10-11 တွင် ပြန်စစ်ပြီး။
  17. ↑ စစ်အာဏာရှင်က ဒုဝန်ကြီးများကို ရာထူးနေရာပြောင်းလဲ (in my)။ 2026-10-11 တွင် ပြန်စစ်ပြီး။
  18. ↑ ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေး (in en)။ 2026-10-15 တွင် ပြန်စစ်ပြီး။
  19. ↑ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေး (in en)။ 2026-10-15 တွင် ပြန်စစ်ပြီး။
  20. ↑ ကိုးကား အမှား - The opening <ref> tag is malformed or has a bad name.
  21. ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  22. ↑ ■နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ (in my)။ 2026-04-06 တွင် ပြန်စစ်ပြီး။
  23. ↑ ပြည်ထောင်စုဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း (in en)။ 2026-08-25 တွင် ပြန်စစ်ပြီး။
  24. ↑ ■ လူ/ကယ်/ပြန်ဝန်ကြီး ဒေါက်တာစိုးဝင်းအား ကျန်းမာရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနှစ်ဦး ခန့်အပ် (in my)။ 2026-10-10 တွင် ပြန်စစ်ပြီး။
  25. ↑ ပြည်ထောင်စုဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း (in en)။ 2026-11-05 တွင် ပြန်စစ်ပြီး။
  26. ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-14 တွင် ပြန်စစ်ပြီး။
  27. 1 2 ဒုတိယဝန်ကြီးများအား တာဝန်မှ အနားယူခွင့်ပြုခြင်း (in en)။ 2026-10-10 တွင် ပြန်စစ်ပြီး။
  28. ↑ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးရန် ပြည်​ထောင်စုလွှတ်​တော်သို့ အမည်စာရင်းတင်သွင်း (in my)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  29. ↑ ဧရာဝတီ (2026-04-06)။ စစ်တပ်အရာရှိဟောင်းအများစု တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာ (in en-US)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  30. ↑ Lin၊ Editor Htein (2026-04-07)။ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များအဖြစ် လျာထားအဆိုပြုစာရင်း (in en-US)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  31. ↑ ■ တိုင်းနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၆၀ ကို ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာ (in my)။ 2026-04-24 တွင် ပြန်စစ်ပြီး။
  32. ↑ ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက် ဘီဘီစီ မြန်မာပိုင်းသတင်း တိုက်ရိုက်ထုတ်လွှင့်ချက် - ရှမ်းပြည်နယ်နဲ့ အေအေထိန်းချုပ်နယ်မြေတွေအပါ မြို့နယ် ၆၀ ကိုအရေးပေါ်အခြေအနေကြေညာ (in my) (2026-04-24)။ 2026-04-24 တွင် ပြန်စစ်ပြီး။
  33. ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၃/၂၀၂၆) (in en)။ 2026-07-26 တွင် ပြန်စစ်ပြီး။
  34. ↑ ■စစ်အုပ်ချုပ်​ရေးအမိန့်ထုတ်ပြန်ထားသည့် ၅၈ မြို့နယ်အနက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် သုံးမြို့နယ်မှအပ ကျန် ၅၅ မြို့နယ်တွင် စစ်အုပ်ချုပ်​ရေးအား ရက်​ပေါင်း ၉၀ ထပ်မံတိုးမြှင့် (in my)။ 2026-10-19 တွင် ပြန်စစ်ပြီး။
  35. ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ (in en)။ 2026-07-04 တွင် ပြန်စစ်ပြီး။
  36. ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (in en)။ 2026-07-04 တွင် ပြန်စစ်ပြီး။
  37. ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ (in en)။ 2026-07-04 တွင် ပြန်စစ်ပြီး။
  38. ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ (in en)။ 2026-07-04 တွင် ပြန်စစ်ပြီး။
  39. ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေး (in en)။ 2026-07-04 တွင် ပြန်စစ်ပြီး။
  40. ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA လာရောက်ဂါရဝပြုတွေ့ဆုံ (in en)။ 2026-08-12 တွင် ပြန်စစ်ပြီး။
  41. ↑ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ (in en)။ 2026-09-19 တွင် ပြန်စစ်ပြီး။
  42. ↑ Lewis၊ Simon။ "EXCLUSIVE: US opens direct talks with Myanmar's generals, reversing years of isolation" (in en)၊ Reuters၊ 2026-10-08။
  43. ↑ ■ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် လေယာဉ် နေပြည်တော်မှ ပြန်လည်ထွက်ခွာ (in my)။ 2026-09-19 တွင် ပြန်စစ်ပြီး။