မာတိကာသို့ ခုန်သွားရန်

အက်ဇိုစဖီးယား အလွှာ

ဝီကီပီးဒီးယား မှ
လေထုအလွှာများ

အက်ဇိုစဖီးယား အလွှာ (exosphere) (/ˈɛksoʊsfɪər, ˈɛɡzoʊ-/;[၁] ရှေးဟောင်းဂရိ ἔξω (éxō) 'အပြင်ဘက်၊ အလွှာ' နှင့် -စက်လုံး မှ) သည် အလွန်ပါးလွှာပြီး ဂြိုဟ်တခုလုံး ဘေးပတ်လည်အား ဝိုင်းရံထားသည့် လေထုအလွှာတခုဖြစ်သည်။ ယင်းအလွှာတွင် သိပ်သည်းဆမှာ အင်မတန် နည်းပါးကာ မော်လီကျူးများသည် တခုနှင့်တခု တိုက်မိနိုင်ခြေ အင်မတန် နည်းပါးသည်။[၂] အက်ဇိုစဖီးယား အလွှာသည် ကမ္ဘာ့လေထု၏ အပြင်ဘက်အကျဆုံးအလွှာဖြစ်ပြီး လေထုသည် အပြင်ဘက်သို့ ပါးလွှာလာပြီး အပြင်ဘက် အာကာသနှင့် ပေါင်းစပ်သွားသည်။ ယင်းသည် သာမိုစဖီးယား အလွှာ၏ အပေါ်တည့်တည့်တွင် တည်ရှိသည်။ သုတေသန အားနည်းသောကြောင့် အက်ဇိုစဖီးယား အလွှာအကြောင်း သေချာမသိရပေ။ မာကျူရီဂြိုဟ်၊ လကမ္ဘာ၊ စီးရပ်စ်၊ ယူရိုပါ၊ ဂျန်နမိတ်တို့တွင် အက်ဇိုစဖီးယား အလွှာ တည်ရှိကြသည်။ ကမ္ဘာမြေ၏ အက်ဇိုစဖီးယား အလွှာကို ဟိုက်ဒရိုဂျင်၊ ဟီလီယမ်၊ လေးလံသော အက်တမ်များ၊ မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည်။[၃]


ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ {{{1}}}။ Dictionary.com Unabridged။ Random House။
  2. ↑ Steigerwald၊ William (August 17, 2015)။ NASA's LADEE Spacecraft Finds Neon in Lunar Atmosphere။ NASA။ August 18, 2015 တွင် ပြန်စစ်ပြီး။
  3. ↑ Speight၊ James G. (2017)။ "Chemicals and the Environment"။ Environmental Organic Chemistry for Engineers။ pp. 1–41။ doi:10.1016/B978-0-12-804492-6.00001-0။ ISBN 978-0-12-804492-6။