ခရစ်ယာန်ဘာသာဝင်များ
ခရစ်ယာန်ဘာသာဝင်များသည် Webster’s Dictionary ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “သခင်ယေရှုကို ခရစ်တော်အဖြစ် ယုံကြည်သက်ဝင်သူ (သို့မဟုတ်) သခင်ယေရှု၏ သွန်သင်ချက်များကို လိုက်နာကျင့်သုံးသူ” ကို ခရစ်ယာန်ဟု ခေါ်ဆိုပါသည်။ ခရစ်ယာန်ဘာသာ၏ အနှစ်သာရကို နားလည်ရန်အတွက် ဤအခြေခံအဓိပ္ပာယ်ဖွင့်ဆိုချက်မှ စတင်လေ့လာရန် အလွန်သင့်တော်ပါသည်။ သို့သော်လည်း လောကီဘက်ဆိုင်ရာ အဖွင့်အဆိုများသည် တစ်ခါတစ်ရံတွင် သမ္မာကျမ်းစာလာ သမ္မာတရားများနှင့် ကွဲလွဲမှားယွင်းနေတတ်သည်ကို သတိပြုရန် လိုအပ်သည်။
ခရစ်ယာန် ဆိုသည့် စကားလုံးကို ဓမ္မသစ်ကျမ်းတွင် အောက်ပါအတိုင်း သုံးကြိမ်တိုင်တိုင် တွေ့ရှိနိုင်ပါသည် -
- တမန်တော်ဝတ္ထု ၁၁:၂၆
- တမန်တော်ဝတ္ထု ၂၆:၂၈
- ၁ ရှင်ပေတရု ၄:၁၆
အန္တိအုတ်မြို့တွင် သခင်ယေရှု၏ တပည့်တော်များကို “ခရစ်ယာန်များ” ဟု ပထမဆုံးအကြိမ် စတင်ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည် (တ၊ ၁၁:၂၆)။ ထိုစဉ်က မယုံကြည်သူများက ယုံကြည်သူတို့၏ အကျင့်စရိုက်၊ အပြောအဆိုနှင့် အပြုအမူများသည် ခရစ်တော်နှင့် ဆင်တူနေသဖြင့် သရော်သည့်သဘောဖြင့် မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သော်လည်း ၎င်း၏ စစ်မှန်သော အဓိပ္ပာယ်မှာ “ခရစ်တော်နှင့် သက်ဆိုင်သောအဖွဲ့” သို့မဟုတ် “ခရစ်တော်၏ နောက်လိုက်များ” ဟု အဓိပ္ပာယ်ရပါသည်။ ဤသည်မှာ အဘိဓာန်များတွင် ဖော်ပြထားသော အဓိပ္ပာယ်နှင့်လည်း ကိုက်ညီမှုရှိပါသည်။
လက်ရှိတွင် ခရစ်ယာန်ဘာသာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဘာသာတရားဖြစ်ပြီး ကိုးကွယ်ယုံကြည်သူပေါင်း (၂.၁) ဘီလီယံကျော် ရှိပါသည်။[၁] ဤဘာသာတရားသည် သမ္မာကျမ်းစာ (ဓမ္မဟောင်းနှင့် ဓမ္မသစ်) လာ သခင်ယေရှုခရစ်တော်၏ ဘဝဖြစ်စဉ်နှင့် သွန်သင်ချက်များအပေါ် အခြေခံထားသော တစ်ဆူတည်းသော ဘုရားဝါဒီ (Monotheistic religion) ဖြစ်ပါသည်။[၂]
ဆက်လက်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ BBC - Religion & Ethics - Christianity။ BBC။ 2008-07-11 တွင် ပြန်စစ်ပြီး။
- ↑ Cross၊ Frank Leslie; Livingstone၊ Elizabeth A., eds. (1957)။ "Christian"။ The Oxford Dictionary of the Christian Church (3 ed.)။ Oxford: Oxford University Press (published 2005)။ p. 336။ ISBN 9780192802903။ 2016-12-05 တွင် ပြန်စစ်ပြီး။
In modern times the name Christian [...] has tended, in nominally Christian countries, to not refer to personal faith and imply only that the person is a good moral person (e.g. 'a Christian action') or socially customary ('Christian name').